TRT World News;May-15(Sun)
ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ NATO အဖွဲ့သို့ ဝင်ရောက်မည့်ကိစ္စရပ်နှင့်ပတ်သက်၍ တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu)၊ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး အန်လင်းဒီ (ANN Linde) နှင့် ဖင်လန်နိုင်ငံခြားရေးဝန်ကြီး ပီကာ ဟာဗစ်စ်စတို (Pekka Haavisto) တို့သည် မေလ ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း TRT World News သတင်းဌာနက မေလ ၁၅ ရက်တွင် ဖော်ပြခဲ့ ပါသည်။ ၎င်းတို့ ၃ ဦးသည် ဂျာမနီနိုင်ငံတွင် မေလ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ် လျက်ရှိသည့် NATO အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ၏ ဆက်စပ် အစည်းအဝေးအဖြစ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဆွီဒင်နှင့် ဖင်လန် နိုင်ငံတို့၏ NATO အဖွဲ့သို့ဝင်ရောက်နိုင်ရေးအတွက် ၎င်းတို့နိုင်ငံများအနေဖြင့် အကူအညီ များပေးအပ်သွားမည်ဖြစ်ကြောင်း ချက်နှင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီးများက အဆိုပါ ဆွေးနွေးပွဲမကျင်းပမီ သတင်းထောက်များအား ပြောကြားခဲ့ပါသည်။
သို့သော် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် တူရကီနိုင်ငံနှင့် တူရကီပြည်သူများ အား တိုက်ခိုက်သတ်ဖြတ်မှုများလုပ်ဆောင်လျက်ရှိသည့် ကာ့ဒ်အလုပ်သမားများပါတီ (Kurdistan Workers’ Party-PKK) အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်မှုများပြုလုပ်လျက် ရှိသည့်အပြင် ကူညီထောက်ပံ့ပေးမှုများပြုလုပ်လျက်ရှိသောကြောင့် တူရကီပြည်သူများ အနေဖြင့် ၎င်းနိုင်ငံများအား NATO အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရေးအပေါ် ကန့်ကွက် လျက်ရှိကြောင်း အထက်ပါဆွေးနွေးပွဲမတိုင်မီ ကာဗူဆိုဂလူက ပြောကြားခဲ့ခြင်းကြောင့် တူရကီ၊ ဆွီဒင်နှင့် ဖင်လန်နိုင်ငံခြားရေးဝန်ကြီးတို့၏ ၃ ပွင့်ဆိုင်ဆွေးနွေးပွဲ ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပါသည်။ NATO အဖွဲ့အနေဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံးက တစ်ညီတစ်ညွတ်တည်း ထောက်ခံမှုရရှိမှသာလျှင် ၎င်းတို့အဖွဲ့သို့ဝင်ရောက်ရန် ကြိုးပမ်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံ အား အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံသတ်မှတ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment