ဟန်ဂေရီအစိုးရသည် အိမ်နီးချင်းယူကရိန်းစစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော် အရေးပေါ်အခြေအနေအား ကြေညာခဲ့ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orbán) က မေလ ၂၄ ရက်တွင် ပြောကြားခဲ့ပါသည်။ ဟန်ဂေရီလွှတ်တော်မှ အတည်ပြုခဲ့သည့် နိုင်ငံတော်အရေးပေါ်အခြေအနေသည် မေလ ၂၄ ရက် သန်းခေါင်ယံ အချိန်တွင် စတင်အသက်ဝင်ခဲ့ပါသည်။ ဝန်ကြီးချုပ် အော်ဘန်သည် အစိုးရ၏ နိုင်ငံတော် အရေးပေါ်အခြေအနေဆိုင်ရာ ပထမဆုံးအစီအစဉ်များအား မေလ ၂၅ ရက်တွင် ထုတ်ပြန် သွားမည်ဖြစ်ပါသည်။ ဟန်ဂေရီအနေဖြင့် ယူကရိန်းစစ်ရေးပဋိပက္ခအတွင်း ပါဝင်မည် မဟုတ်ဘဲ ပြည်သူလူထုနှင့် နိုင်ငံ၏လုံခြုံမှုအပေါ် အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အော်ဘန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment