Tuesday, May 10, 2022

တူရကီနှင့် ကာဇက်စတန်နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍအား တိုးမြှင့်သွားမည်ဆိုခြင်း

    တူရကီနှင့် ကာဇက်စတန်နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍအား အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံအထိ ရောက်ရှိရေးဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ကပြောကြားခဲ့ ကြောင်း Xinhua သတင်းဌာနက မေလ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ကာဇက်စတန်သမ္မတ  ကာဆင် ဂျိုမက်တိုကာရက်ဗ် (Kassy m Jomart Tokaev) နှင့် ပူးတွဲကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးသည် ယူကရိန်းပဋိပက္ခကြောင့် ဒေသတွင်းနိုင်ငံအပေါ် ရိုက်ခတ်လျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ယူကရိန်းပဋိပက္ခအား ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက် နိုင်ရေးအတွက် ၎င်းတို့၏အမြင်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

No comments:

Post a Comment