Wednesday, May 4, 2022

အက်စတိုးနီးယားစစ်ဘက် တပ်ဖွဲ့များသည် ဇွန်လကုန်၌ မာလီနိုင်ငံမှတပ်များရုပ်သိမ်း၍ အမိမြေသို့ ပြန်လည် ဆုတ်ခွာမည်ဖြစ်ခြင်း

 မာလီနိုင်ငံတွင် အခြေစိုက်တပ်ဖြန့်ထားလျက်ရှိသည့် အက်စတိုးနီးယားစစ်ဘက် တပ်ဖွဲ့များသည် ဇွန်လကုန်၌ မာလီနိုင်ငံမှတပ်များရုပ်သိမ်း၍ အမိမြေသို့ ပြန်လည် ဆုတ်ခွာမည်ဖြစ်ကြောင်း အက်စတိုးနီးယားစစ်ဘက်က မေလ ၄ ရက်တွင် ပြောကြား ခဲ့ပါသည်။ အနောက်နိုင်ငံများသည် မာလီနိုင်ငံတွင်း အခြေအနေများကို တိုးတက်အောင် စီမံနိုင်စွမ်းမရှိဘဲ မည်သည့်ပြောင်းလဲမှုမျှ ရရှိအောင်ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အထက်ပါအတိုင်းတပ်ရုပ်သိမ်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါ သည်။ မာလီနိုင်ငံမှ ၎င်း၏တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့ သည့် ဖေဖော်ဝါရီလတွင် ပြင်သစ်နိုင်ငံကလည်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment