Euractiv; May-30(Mon)
ရုရှားနိုင်ငံအပေါ်လောင်စာဆီမှီခိုနေရမှုအား ဇွန်လ ၁ ရက်မှစ၍ ၆၅ ရာခိုင်နှုန်း အထိ လျှော့ချသွားမည်ဟု ဆလိုဗက်ကီးယားစီးပွားရေးဝန်ကြီး ရစ်ချက်ဆူးလက်ခ် (Richard Sulik) က ပြောကြားခဲ့သော်လည်း နိုင်ငံ၏ လိုအပ်ချက်အရ ၃၅ ရာခိုင်နှုန်း ဝန်းကျင်အထိသာ လျှော့ချနိုင်လိမ့်မည်ဟု လေ့လာသူများက ထောက်ပြခဲ့ပါသည်။ ဆလိုဗက်ကီးယားနိုင်ငံသည် အချို့ဥရောပရှိ သဘာဝဓာတ်ငွေ့ရည် သိုလှောင်ရာနေရာ များတွင် ဝင်ဆံ့သောပမဏကိုသိုလှောင်ထားပြီး နော်ဝေရှိ ပိုက်လိုင်းမှတစ်ဆင့် သဘာဝ ဓာတ်ငွေ့ရည်များကို မိမိနိုင်ငံတွင်းသို့တင်သွင်းမည်ဖြစ်ကြောင်း ဆူးလက်စ်က ပြောကြား ခဲ့ပါသည်။ သဘာဝဓာတ်ငွေ့ရည်တင်သွင်းရန်အတွက် တင်သွင်းသူများနှင့် သဘော တူညီချက်တစ်ခုရရှိခဲ့သည်ဟု ပြည်သူ့ပါတီ (SaS) ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့ပြီး မည်သည့်နေရာမှတင်သွင်းမည်ကိုမူ ထည့်သွင်းပြောဆိုသွားခြင်းမရှိခဲ့ပေ။
နော်ဝေမှ လောင်စာဆီဈေးနှုန်းအတက်အကျသည် ဈေးကွက်ပေါ်တွင် မူတည် သော်လည်း Gazprom မှ စျေးထက်မပိုကြောင်း ဆူးလက်ခ်က ထောက်ပြခဲ့သည်။ မည်သို့ပင်ဖြစ်စေ SSP ကုမ္ပဏီသည် ရုရှားနိုင်ငံမှ လောင်စာဆီတင်သွင်းမူကို အပြည့်အဝ ရပ်တန့်နိုင်လိမ့်မည်မဟုတ်သော်လည်း ပိုလန်နိုင်ငံနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့၏ လောင်စာဆီတင်ပို့မှုဆိုင်ရာ လုပ်ဆောင်မှုအား ယခုနှစ်နှောင်းပိုင်း၊ သို့မဟုတ် လာမည့် နှစ်တွင်ဖွင့်လှစ်ပြီးစီးပါက ရုရှားနိုင်ငံ၏လောင်စာဆီတင်သွင်းမှု လျော့နည်းသွားနိုင်ပါ သည်။ သဘောတူညီချက်အသစ်များသည် ယခုနှစ်ကုန်ပိုင်းထိ လောင်စာဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်တွင်စတင်မည့် Nord Stream 1 ပိုက်လိုင်း ပိတ်သိမ်းရက်မတိုင်မီ နိုင်ငံအတွင်းတွင် လုံလောက်စွာရရှိပြီးဖြစ်မည်ဟု ဆူးလက်စ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Ref: Slovakia to import gas from Norway and other countries
No comments:
Post a Comment