Wednesday, July 27, 2022
ဂရိဝန်ကြီးချုပ်နှင့် ဆော်ဒီအိမ်ရှေ့မင်းသားတို့တွေ့ဆုံခဲ့ခြင်း
ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) သည် နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် (Mohammed bin Salman) နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Eurasiareview သတင်းဌာနက ဇူလိုင်လ ၂၇ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံ ဆွေးနွေးမှုများအတွင်း ၎င်းတို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်ပယ်ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့အပါအဝင် ဘုံအကျိုးစီးပွားဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ဂရိနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား စစ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည့်အပြင် ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံ၊ နည်းပညာနှင့် စစ်ဘက်ဆိုင်ရာကဏ္ဍများတွင်လည်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များ ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
Labels:
ဂရိ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment