တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဇူလိုင်လ ၁၉ ရက်တွင် အီရန်နိုင်ငံသို့သွားရောက်ရန်စီစဉ်ထားကြောင်း တူရကီသတင်း ဌာနတစ်ခုက ဇူလိုင်လ ၆ ရက်တွင်ဖော်ပြခဲ့ပါသည်။ ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPG) အပေါ် စစ်ဆင်ရေးပြုလုပ်နေသည့် အာဒိုဂန်၏လုပ်ဆောင်မှု နှင့်ပတ်သက်၍ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် အထက်ပါခရီးစဉ် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ ဆီးရီးယား၌ပြုလုပ်လျက်ရှိသည့် တူရကီ၏ စစ်ဆင်ရေးမှန်သမျှသည် ဒေသတွင်းတည်ငြိမ်မှုကို ပျက်ပြားစေသည့်အတွက် မည်သည့် စစ်ဆင်ရေးကိုမဆို ကန့်ကွက်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အေမာ အဗ္ဗဒူလာဟီရန် (Hossein Amir Abdo llahian) က ပြောကြားထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment