Wednesday, July 20, 2022
အမေရိကန်အာဏာပိုင်များသည် ဘူလ်ဂေးရီးယားနိုင်ငံသို့ လော့ဟိမာတင်ကုမ္ပဏီထုတ် F-16 အမျိုးအစား တိုက်လေယာဉ် ၈ စီးကို ဒုတိယ အသုတ်အားပေးပို့ရန် ကမ်းလှမ်းထားသည်ဟု ဘူလ်ဂေးရီးယားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ခြင်း
အမေရိကန်အာဏာပိုင်များသည် ဘူလ်ဂေးရီးယားနိုင်ငံသို့ လော့ဟိမာတင် (Lockheed Martin) ကုမ္ပဏီထုတ် F-16 အမျိုးအစား တိုက်လေယာဉ် ၈ စီး ဒုတိယ အသုတ်အားပေးပို့ရန် ကမ်းလှမ်းထားသည်ဟု ဘူလ်ဂေးရီးယားကာကွယ်ရေးဝန်ကြီး ဒရာဂိုမာဇာကော့ဗ် (Dragomir Zakov) က ပြောကြားခဲ့ကြောင်း MSN သတင်းဌာနက ဇူလိုင်လ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အမေရိကန်၏ ကမ်းလှမ်းမှုနှင့်ပတ်သက်၍ ဘူလ်ဂေးရီးယားအမျိုးသားလွှတ်တော်အနေဖြင့် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ် ကြောင်း၊ အကြောင်းပြန်ပေးရမည့်သတ်မှတ်ရက်မှာ အလွန်နီးကပ်သည့်အတွက် လွှတ်တော် အတွင်း ဆွေးနွေးနိုင်မှု ရှိ/မရှိအပေါ်တွင် မူတည်နေကြောင်း ဇာကော့ဗ်က ပြောကြားခဲ့ ပါသည်။ ထို့ပြင် အမျိုးသားလွှတ်တော်အနေဖြင့် အမေရိကန်နိုင်ငံမှ သတ်မှတ်ပေးထား သည့်ရက်မတိုင်မီ အကြောင်းပြန်စာထုတ်ပေးနိုင်ခြင်းမရှိပါက ပြန်ကြားပေးရမည့် နောက်ဆုံးရက်ကို ထပ်မံသက်တမ်းတိုးပေးရန် ဘူလ်ဂေးရီးယားဘက်မှ အဆိုပြုထား ကြောင်း သိရှိရပါသည်။
Labels:
စစ်ရေး,
စစ်လက်နက်ပစ္စည်း,
ဘူလ်ဂေးရီးယား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment