တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ၎င်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ဆိုမာလီယာသမ္မတ ဟာဆန်ရှိတ် မိုဟာမွတ် (Hassan Sheikh Mohaud) နှင့်တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေးကိစ္စရပ် များအပါအဝင် ဆိုမာလီယာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း Xinhua သတင်းဌာနက ဇူလိုင်လ ၇ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း မိုးခေါင်ရေရှားပါးမှုကပ်ဘေးနှင့် ရင်ဆိုင်နေရသည့် ဆိုမာလီယာပြည်သူများအတွက် တူကီယဲနိုင်ငံအနေဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်ရန် ဆိုမာလီယာသမ္မတက တောင်းဆိုခဲ့ပါ သည်။ အာဖရိကဦးချိုဒေသတစ်ခုလုံးအတွက် ဆိုမာလီယာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးမှာ အဓိကကျကြောင်း ဆွေးနွေးမှုအပြီးပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲ၌ သမ္မတ အာဒိုဂန်က ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment