Xinhua;Jul-14(Thu)
ဟန်ဂေရီအစိုးရသည် စွမ်းအင်ဆိုင်ရာအရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာ ခဲ့ပြီး ဟန်ဂေရီပြည်သူများအား စွမ်းအင်ဆိုင်ရာထောက်ပံ့ပေးရန်အတွက် အချက် ၇ ချက်ပါ စွမ်းအင်ဖူလုံရေးအစီအစဉ်တစ်ရပ်ချမှတ်ခဲ့သည်ဟု ဟန်ဂေရီဝန်ကြီးချုပ်ရုံး၏ အကြီးအကဲ ဂယ်ဂေလ်ဂူရာစ် (Gergely Gulyas) က ဇူလိုင်လ ၁၃ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့ ကြောင်း Xinhua သတင်းဌာနက ဇူလိုင်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ စွမ်းအင်ဖူလုံရေးအစီအစဉ်သည် ဩဂုတ်လ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့်စပ်လျဉ်း၍ ရုရှားအပေါ် ဥရောပသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများကြောင့် စွမ်းအင်ဈေးနှုန်းများမြင့်တက်လာခြင်းကို လျှော့ချသွားနိုင်မည်ဖြစ် ကြောင်း ဂူရာစ်က ပြောကြားခဲ့ပါသည်။ စွမ်းအင်အကျပ်အတည်းကြောင့် ဥရောပနိုင်ငံ များ၏ ဆောင်းရာသီအတွက် အပူပေးစနစ်များတွင် လိုအပ်သည့်ဓာတ်ငွေ့များ လုံလောက်စွာ ထောက်ပံ့ပေးနိုင်မည်မဟုတ်ကြောင်း တွေ့ရှိရသဖြင့် အထက်ပါအတိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဂူရာစ်က ထပ်လောင်းပြောကြားခဲ့ပါသည်။
စွမ်းအင်ဆိုင်ရာအရေးပေါ်အခြေအနေတစ်ရပ်အနေဖြင့် ပြည်တွင်း၌ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုကို ကုဗမီတာ ၂ ဘီလီယံအထိ နှစ်ဆတိုးမြှင့်ထုတ်လုပ်သွားမည် ဖြစ်ပြီး ဟန်ဂေရီအစိုးရသည် ဓာတ်ငွေ့ဆိုင်ရာထောက်ပံ့မှုများနှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်သွားရန် နိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) အား တာဝန်ပေးအပ်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံအတွင်း စွမ်းအင်တင်ပို့မှုများနှင့် လောင်စာတင်ပို့မှုကို တားမြစ်သွားမည်ဖြစ်ပြီး ပြည်တွင်း၌ ကျောက်မီးသွေးထုတ်လုပ်မှု တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဇွန်လမှစ၍ လုပ်ငန်း လည်ပတ်မှုရပ်ဆိုင်းထားခဲ့သည့် ကျောက်မီးသွေးသုံး Matra ဓာတ်အားပေးစက်ရုံအား အမြန်ဆုံးပြန်လည်စတင်လည်ပတ်မည်ဖြစ်ပြီး Paks နျူကလီးယားဓာတ်အားပေးစက်ရုံ၏ လည်ပတ်ခွင့်လိုင်စင်ကိုလည်း ၂၀၄၂-၂၀၄၇ ခုနှစ်အထိ သက်တမ်းတိုးမြှင့်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။
No comments:
Post a Comment