Tuesday, September 28, 2021

ယူကရိန်းနှင့် တူရကီနိုင်ငံတို့သည် Bayraktar TB2 မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ်နှင့်ပတ်သက်၍ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ခြင်း

 

Perild; Sep-29(Wed)

              ယူကရိန်းကာကွယ်ရေးဝန်ကြီး အန်ဒရီတာရမ် (Andriy Taran) နှင့် တူရကီ နိုင်ငံအခြေစိုက် Bayraktar Savunma ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဟလူခ် ဘေရာခ်တာ (Haluk Bayraktar) တို့သည် စက်တင်ဘာလ ၂၉ ရက်တွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း ယူကရိန်းသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါသည်။  အဆိုပါသဘောတူညီချက်တွင် တူရကီထုတ် Bayraktar TB2 မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်အား ပြုပြင် ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ လေ့ကျင့်ရေးနှင့် စမ်းသပ်ရေးစင်တာ တစ်ခုတည်ဆောက်ရေးနှင့် Bayraktar TB2 မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် ထုတ်လုပ်မှုအတွက် ဝန်ထမ်းများအား လေ့ကျင့်သင်ကြားမှုကို ထောက်ပံ့မှုများ ပေးအပ် နိုင်ရေးကိစ္စရပ်များပါဝင်ကြောင်း ၎င်းသတင်းပြန်ကြားရေးအဖွဲ့က ပြောကြားခဲ့ပါသည်။

          အဆိုပါသဘောတူညီချက်အရ Bayraktar Savunma ကုမ္ပဏီသည် Bayraktar TB2 မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် ပြုပြင်ထိန်းသိမ်းခြင်း၊ ပြင်ဆင် ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းဆိုင်ရာစင်တာအား ယူကရိန်းနိုင်ငံ ဗာဆီလော့ခ် (Vasilkov) မြို့အနီးတွင် တည်ဆောက်သွားမည်ဖြစ်ပြီး မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် တည်ဆောက်မှုအတွက် ဝန်ထမ်းများအား လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ထို့ပြင် Bayraktar Savunma ကုမ္ပဏီအနေဖြင့် လာမည့် အနာဂတ်ကာလတွင် ယူကရိန်းနိုင်ငံအတွင်း၌ မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် နှင့်သက်ဆိုင်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်သွားရန် စီစဉ်ထား ကြောင်းနှင့် နှစ်နိုင်ငံအနေဖြင့် အနာဂတ်ကာလတွင် မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ်များအား ပူးတွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ Bayraktar Savunma ကုမ္ပဏီသည်  ယူကရိန်း နိုင်ငံအတွင်း မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် ထုတ်လုပ်သည့်စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် ကိုယ်ပိုင်ရန်ပုံငွေများ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment