Friday, September 10, 2021

အမေရိကန်နှင့် ဆိုက်ပရပ်စ်နိုင်ငံတို့၏ ရေတပ် တပ်ဖွဲ့များသည် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ခြင်း

 အမေရိကန်နှင့်  ဆိုက်ပရပ်စ်နိုင်ငံတို့မှ ရေတပ်တပ်ဖွဲ့ဝင်များသည် ပင်လယ်ပြင် အတွင်း အကြမ်းဖက်သမားများ၏ ပြန်ပေးဆွဲမှုများ၊ ရန်လိုမှုများအပေါ် တုံ့ပြန်ရာတွင် တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ရေးစွမ်းရည်များတိုးမြှင့်လာစေရန် ပူးတွဲစစ်ရေးလေ့ကျင့်ခန်း တစ်ရပ်ကို စက်တင်ဘာလ ၁၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ဆိုက်ပရပ်စ် ကာကွယ်ရေးဝန်ကြီး ချာရာလမ်ဘို့စ်ပီထရီဒစ် (Charalambos Petrides) က ပြောကြား ခဲ့ပါသည်။ အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်ခန်းအား ပင်လယ်ပြင်အတွင်း ရုတ်တရက် လုပ်ဆောင်လာမည့်  အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများနှင့် အရေးပေါ် အခြေအနေများတွင် နှစ်နိုင်ငံမှ တပ်ဖွဲ့ဝင်များအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှု ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပီထရီဒစ်၏ ပြောကြားချက်များအရ သိရှိရပါသည်။

No comments:

Post a Comment