အီရတ်နိုင်ငံရှိ တူရကီစစ်အခြေစိုက်စခန်းတစ်ခုအား စက်တင်ဘာလ ၂၄ ရက် တွင် ဒုံးကျည်ဖြင့်တိုက်ခိုက်ခြင်းခံခဲ့ရသည်ဟု တူရကီလုံခြုံရေးဌာနတစ်ခုက ထုတ်ပြန် ခဲ့ကြောင်း Shafaq သတင်းဌာနက စက်တင်ဘာလ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါစစ်အခြေစိုက်စခန်းသည် အီရတ်နိုင်ငံ၊ မိုဆူးလ် (Mosul) မြို့အခြေစိုက် Zilkan အမည်ရှိ စစ်အခြေစိုက်စခန်းဖြစ်ပြီး ဒုံးကျည် ၅ စင်းဖြင့် တိုက်ခိုက်မှုကိုခံခဲ့ရခြင်း ဖြစ်ပါသည်။ ထို့ပြင် ၎င်းတိုက်ခိုက်မှုတွင် ဒုံးကျည် ၃ စင်းပေါက်ကွဲခဲ့ပြီး ထိခိုက် သေဆုံးသူမရှိကြောင်းနှင့် အဆိုပါစစ်အခြေစိုက်စခန်းသည် ပြီးခဲ့သည့်လများကလည်း အလားတူတိုက်ခိုက်မှုမျိုးကို အကြိမ်ကြိမ်ခံခဲ့ရကြောင်း တူရကီလုံခြုံရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
No comments:
Post a Comment