Saturday, September 11, 2021

ဘူလ်ဂေးရီးယားအစိုးရသည် ၁ နှစ်တာကာလအတွင်း တတိယအကြိမ်မြောက် ပါလီမန်ရွေးကောက်ပွဲအား လာမည့်နိုဝင်ဘာလ ၁၄ ရက်တွင် ကျင်းပပြုလုပ်သွား မည်ဆိုခြင်း

 ဘူလ်ဂေးရီးယားအစိုးရသည် ၁ နှစ်တာကာလအတွင်း တတိယအကြိမ်မြောက် ပါလီမန်ရွေးကောက်ပွဲအား လာမည့်နိုဝင်ဘာလ ၁၄ ရက်တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း ဘူလ်ဂေးရီးယားသမ္မတ ရူမန်ရာဒေ့ဗ် (Rumen Radev) က စက်တင်ဘာလ ၁၁ ရက်တွင် ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် သမ္မတရွေးကောက်ပွဲ ကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရာဒေ့ဗ်သည် ဒုတိယသမ္မတသက်တမ်း ကာလအတွက် ထိပ်ဆုံးနေရာတွင် ရပ်တည်လျက်ရှိနေကြောင်း သတင်းအရင်းအမြစ် များက ဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့် ဧပြီလ ရွေးကောက်ပွဲမှစ၍ ဘူလ်ဂေးရီးယား ဝန်ကြီးချုပ်ဟောင်း ဘွိုင်ကိုဘောရီဆော့ဗ် (Boyko Boryssv) ၏ လုပ်ငန်းတာဝန်များမှာ ပြီးဆုံးခဲ့ပြီဖြစ်ပါသည်။ ဘူလ်ဂေးရီးယားနိုင်ငံသားများသည် ပြီးခဲ့သည့် ဇူလိုင်လတွင် လာမည့်အစိုးရအသစ်အတွက် ဆန္ဒမဲပေးမှုများပြုလုပ်ခဲ့ကြပြီး ဝန်ကြီးချုပ်ဟောင်း ဘောရီဆော့ဗ်ကို ထောက်ခံအားပေးမှုများမှာ လျော့နည်းခဲ့ပါသည်။ ဥရောပသမဂ္ဂ အနေဖြင့်လည်း အဆိုပါ သမ္မတရွေးကောက်ပွဲနှင့်ပတ်သက်၍ ဖြစ်လာနိုင်မည့် အကျိုးဆက်ရလဒ်များအပေါ် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment