အက်စတိုးနီးယားသမ္မတ ကာစတီကယ်ဂျူလစ် (Kersti Kaljulaid) သည် စက်တင်ဘာလ ၁၄ ရက်တွင် အီတလီနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိလျက်ရှိပြီး လာမည့်စက်တင်ဘာလ ၁၆ ရက်တွင် ဂျာမနီနိုင်ငံသို့ ဆက်လက်သွားရောက်မည် ဖြစ်ပါသည်။ ချစ်ကြည်ရေးခရီးစဉ်အတွင်း ကယ်ဂျူလစ်သည် အီတလီနိုင်ငံ၌ ပြုလုပ် မည့် ဥရောပပေါင်းစည်းရေး Arraiolos Group အစည်းအဝေးတွင် ပါဝင်ဆွေးနွေး သွားမည်ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပါသည်။ ထို့နောက် ၎င်းသည် ဂျာမနီနိုင်ငံသို့သွားရောက်၍ ဂျာမနီနှင့် ဘောလ်တစ်ဒေသတွင်းနိုင်ငံများ အကြား သံတမန်ဆက်ဆံရေး နှစ် ၃၀ ပြည့်အခမ်းအနားအား ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ဂျာမနီသမ္မတအပါအဝင် ဘောလ်တစ်ဒေသတွင်းနိုင်ငံများမှ သမ္မတများ နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment