ပိုလန်အစိုးရသည် အာဖဂန်နိုင်ငံရေးခိုလှုံခွင့်တောင်းခံလာသူ ၃၂ ဦးအား ဘီလာရုဇ်နိုင်ငံအတွင်းသို့ တရားမဝင်နှင်ထုတ်ခဲ့မှုအပေါ် နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာရေးအဖွဲ့ (Ananesty International-AI) က စက်တင်ဘာလ ၃၀ ရက်တွင် ပြစ်တင်ပြောကြားခဲ့ပါသည်။ ပိုလန်အာဏာပိုင်များ၏ တရားမဝင်နှင်ထုတ်မှုကြောင့် ၎င်းနိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများသည် ဩဂုတ်လ ၁၈ ရက်တွင် ညတွင်းချင်း ဘီလာရုဇ်နိုင်ငံသို့ ရွှေ့ပြောင်းခဲ့ရသည့်အခြေအနေအား ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ သိရှိရကြောင်း လူ့အခွင့်အရေးဆိုင်ရာ NGO အဖွဲ့က ပြောကြားခဲ့ပါသည်။ ပိုလန် တပ်ဖွဲ့ဝင်များသည် ၎င်းဒုက္ခသည်များ၏ ယာယီတဲစခန်းဝန်းကျင်အနီးတွင် ဝန်းရံ ပိတ်ဆို့၍ တရားမဝင်နှင်ထုတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေး အဖွဲ့က ပြောကြားခဲ့ပါသည်။
Wednesday, September 29, 2021
ပိုလန်အစိုးရသည် အာဖဂန်နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအား ဘီလာရုဇ်နိုင်ငံသို့ နှင်ထုတ်ခဲ့ခြင်း
ပိုလန်အစိုးရအနေဖြင့်
အာဖဂန်နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ၃၂ ဦးအား တစ်လကျော်ကြာ
လက်ခံထိန်းသိမ်းထားရှိပြီးဖြစ်သော်လည်း ၎င်းတို့၏စားဝတ်နေရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် ၅ ရက် ထပ်မံတိုးမြှင့်၍ ဆက်လက်
ထောက်ပံ့မှုပေးရန် ဥရောပလူ့အခွင့်အရေးဆိုင်ရာတရားရုံးက
အမိန့်ချမှတ်ခဲ့သော်လည်း ပိုလန်အစိုးရအနေဖြင့်
အရေးယူဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာရေးအဖွဲ့က ဆက်လက်ပြောကြားခဲ့ပါသည်။
ပိုလန်အစိုးရသည် အဆိုပါ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအား
နှစ်နိုင်ငံနယ်စပ်၌ ရက်သတ္တပတ်အတန်ကြာ ပိတ်ဆို့ခဲ့ကြောင်းနှင့်
ဘီလာရုဇ်နိုင်ငံတွင်းသို့ ထိုကဲ့သို့တရားမဝင်နှင်ထုတ်ခဲ့မှုသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်ကြောင်း
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့၏ ညွှန်ကြားရေးမှူး ဖြစ်သူ
အီးဗ်ဂျက်ဒစ် (Eve Geddie) က ပြစ်တင်ပြောကြားခဲ့ပါသည်။ ၎င်းနိုင်ငံရေး
ခိုလှုံခွင့်တောင်းခံသူများ၏ ပိုလန်နိုင်ငံတွင်းသို့ တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှု
များမှာ စက်တင်ဘာလအစောပိုင်း၌
ပိုမိုမြင့်တက်လာမှုကြောင့် ပိုလန်အစိုးရက နိုင်ငံတော်
အရေးပေါ်အခြေအနေတစ်ရပ်အား ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။
Labels:
ဒုက္ခသည်အရေး,
နိုင်ငံရေး,
ပိုလန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment