တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် ဉဇဘက်ကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာဇစ်ကာမီလို့ဖ် (Abdulaziz Kamilov) တို့သည် တူရကီနိုင်ငံ အစ္စတန်ဘူလ်(Istanbul)မြို့တွင် တွေ့ဆုံဆွေးနွေး မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်တွင် သတင်းအရင်း အမြစ်များက ဖော်ပြခဲ့ပါသည်။ ၎င်းတို့သည် တူရကီကောင်စီအစည်းအဝေး၏ ဆက်စပ် အစည်းအဝေးအဖြစ် အဆိုပါအစည်းအဝေးအား ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုများ ပိုမိုတိုးတက်စေရေးအပါအဝင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး ထိုးနှံမှုလက်မှတ်များကို အသိအမှတ်ပြုရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် အာဖဂန်နစ္စတန်နိုင်ငံ၏ နောက်ဆုံးအခြေအနေများနှင့်ပတ်သက်၍လည်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment