Thursday, September 30, 2021

ရုရှားနှင့် တူရကီတို့သည် နျူကလီးယားဓါတ်အာပေးစက်ရုံတည်ဆောက်ရေအပါအဝင်ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

 ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ရုရှားနိုင်ငံ၊ ဆိုချီ (Sochi) မြို့တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ရုရှားအစိုးရ၏ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ဗ် (Dmitry Peskov) က အောက်တိုဘာလ ၁ ရက်တွင် ပြောကြား ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း တူရကီနိုင်ငံ၏ တောင်ဘက်တွင် ဆောင်ရွက်လျက်ရှိသည့် နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံကိစ္စရပ်များ အပါအဝင် နောက်ထပ်နျူကလီးယားဓာတ်အားပေးစက်ရုံ ၂ ခု တည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ ၎င်းအပြင် ရုရှားနိုင်ငံမှ ရင်းနှီး မြှုပ်နှံသူများသည် တူရကီနိုင်ငံ၏ မာဆင် (Mersin) စီရင်စုတွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိ ၄.၈ ဂဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ရေးအတွက် ရန်ပုံငွေထောက်ပံ့မှုများ ပြုလုပ်ထားရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment