Xinhua;Sep-29(Wed)
ဘူလ်ဂေးရီးယားနှင့်
တရုတ်နိုင်ငံတို့အကြား ရေရှည်တည်တံ့သည့် မိတ်ဖက် ဆက်ဆံရေးမှတစ်ဆင့် အနာဂတ်ကာလတွင်လည်း နှစ်နိုင်ငံအကြား
အကျိုးဖြစ်ထွန်းစေမည့် ရလဒ်ကောင်းများ
ဖန်တီးလုပ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ဘူလ်ဂေးရီးယား ဒုတိယသမ္မတ
အီလီနာအိုတိုဗာ (Iliana Totova) က စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းအနေဖြင့်
ဘူလ်ဂေးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံး၌ အွန်လိုင်းမှ တစ်ဆင့်ကျင်းပပြုလုပ်ခဲ့သော
တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း (၇၂) နှစ်ပြည့်
အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်
ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ကျန်ရှိနေသည့်
နယ်ပယ်ကဏ္ဍအသီးသီး၌ ပူးပေါင်း ဆောင်ရွက်မှုများဖွံ့ဖြိုးတိုးတက်စေရန်နှင့်
၎င်းတို့အကြား ရေရှည်တည်တံ့သည့် မိတ်ဖက် ဆက်ဆံရေးအား
ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အိုတိုဗာက ထပ်လောင်း ပြောကြားခဲ့ပါသည်။
ဘူလ်ဂေးရီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့်
သံတမန်ဆက်ဆံရေးတည်ဆောက် ခဲ့သည့်
ဒုတိယမြောက်မိတ်ဖက်နိုင်ငံဖြစ်သည့်အပြင် နှစ်နိုင်ငံအကြားဆက်ဆံရေးသည်
အပြန်အလှန်လေးစားမှု၊ အကျိုးအမြတ်ခွဲဝေမှုနှင့် တန်းတူညီတူရှိမှုများအပေါ် အခြေခံ သည့်အတွက် ကောင်းမွန်သည့်အနေအထားသို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း
ဘူလ်ဂေးရီးယား နိုင်ငံဆိုင်ရာ
တရုတ်သံအမတ် ဒေါင်ရှီဂျွမ်း (Dong Xiaojun) က ပြောကြားခဲ့ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုများဖြစ်ပွားနေသည့်တိုင်
နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဖလှယ်မှုများအပါအဝင်
မိတ်ဖက်ဆက်ဆံရေးကဏ္ဍများအနေဖြင့် ရေရှည် တည်တံ့လျက်ရှိကြောင်း
၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ တရုတ်နှင့် ဘူလ်ဂေးရီးယား နိုင်ငံတို့အကြား ကုန်သွယ်မှုသည်
ယခုနှစ်ဇန်နဝါရီလမှ ဇူလိုင်လအထိ အမေရိကန် ဒေါ်လာ ၂.၂၁၈ ဘီလီယံအထိရှိခဲ့ပြီး
နှစ်စဉ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍသည် ၄၃.၇ ရာခိုင်နှုန်းအထိ
တိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment