Thursday, September 30, 2021

တူရကီနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့သည် တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

   တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd  Austin) တို့သည် အောက်တိုဘာလ               ၁ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုအတွင်း အကြမ်းဖက်မှုနှိမ်နင်းရေး၊ ဒေသတွင်းကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် တူရကီနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများအပေါ် အလွန်အလေးအနက်ထားကြောင်းလည်း အော်စတင်က ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်သော ပူးပေါင်း ဆောင်ရွက်မှုနှင့် ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် ဆက်ဆံရေး ပိုမိုအားကောင်းလာ စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့ ၂ ဦးက အဆိုပါတွေ့ဆုံမှုအတွင်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါသည်။

No comments:

Post a Comment