Greekcitytimes; Oct-1(Fri)
ဂရိအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအပေါ်
ထောက်ပံ့ပေးသည့် ငွေကြေးအကူအညီများနှင့်ပတ်သက်၍ အောက်တိုဘာလ ၁ ရက်မှ စတင်၍ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စက်တင်ဘာလ ၃၀ ရက်တွင်ကြေညာခဲ့ပါသည်။ ၂၀၁၇ ခုနှစ် နွေဦး ကာလမှစ၍ ဥရောပသမဂ္ဂမှတစ်ဆင့် ဂရိနိုင်ငံအတွင်းသို့ဝင်ရောက်လာသည့် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူ ၂၀၀,၀၀၀ ကျော်အား ငွေကြေးအထောက်အပံ့များပေးအပ်ခဲ့ပြီး
ဖြစ်ကြောင်း UNHCR ၏ ကြေညာချက်တွင်ဖော်ပြထားပါသည်။ အဆိုပါဆောင်ရွက်ချက် သည် ပေါင်းစည်းရေးနှင့်တည်းခိုနေထိုင်ရေးဆိုင်ရာအရေးပေါ်ထောက်ပံ့မှု (Emergency Support to Integration and Accommodation-ESTIA) အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း လည်းဖြစ်ပါသည်။
အဆိုပါအစီအစဉ်အား ၂၀၁၈ ခုနှစ်တွင်စတင်ခဲ့ပြီး
နေစရာနေရာ များနှင့် ငွေကြေးထောက်ပံ့မှုအစိတ်အပိုင်းနှစ်ရပ်ပါဝင်ပါသည်။
UNHCR သည်
ESTIA အစီအစဉ်အား
ဂရိနိုင်ငံနှင့် ၄ နှစ်ကြာ ပူးတွဲစီမံခန့်ခွဲမှုများပြုလုပ်ခဲ့ပြီးနောက်
၂၀၂၀ ပြည့်နှစ်တွင် ဂရိနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။
ငွေကြေးထောက်ပံ့မှုအကူအညီများသည် ရွှေ့ပြောင်းဒုက္ခသည်များအပေါ် လိုအပ်သည့်ထောက်ပံ့မှုများဖြစ်စေသည့်အတွက်
ဒုက္ခသည်များအနေဖြင့်
အကူအညီ များအား ဆက်လက်လက်ခံသွားရန်လိုအပ်ကြောင်းနှင့်
အဆိုပါအသွင်ကူပြောင်းရေး ကာလ၏ အစီအစဉ်သစ်များအကြောင်းကိုလည်း ဂရိအစိုးရအနေဖြင့် အသိပေးသွားရန် အရေးကြီးကြောင်း ဂရိနိုင်ငံ၏ UNHCR ကိုယ်စားလှယ် မီရီလီဂီရက်ဒ် (Mireille Girard) က ပြောကြားခဲ့ပါသည်။ အသွင်ကူးပြောင်းရေးကာလသည် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာကို အပြည့်အဝထိန်းချုပ်ရန်အတွက် အစိုးရ၏အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အပြင် သိသာထင်ရှားသည့် ခြေလှမ်းတစ်ရပ်လည်းဖြစ်ကြောင်း
ရွှေ့ပြောင်း နေထိုင်မှုနှင့်ခိုလှုံရေးဝန်ကြီးဌာနက
ထုတ်ပြန်ခဲ့ပါသည်။ UNHCR ၏ ပူးပေါင်းပါဝင်မှု နှင့်
ဥရောပကော်မရှင်၏ ရန်ပုံငွေထောက်ပံ့ပေးမှုများကိုလည်း
ကျေးဇူးတင်ရှိကြောင်း
ဂီရက်ဒ်က ပြောကြားခဲ့ပါသည်။ ငွေကြေးထောက်ပံ့မှုအကူအညီများအား အစိုးရ၏ ရွှေ့ပြောင်းဒုက္ခသည်လက်ခံသည့်နေရာများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဥပဒေ ရေးရာအဖွဲ့အစည်းများ၊ ဒေသန္တရဆိုင်ရာအုပ်ချုပ်ရေးအေဂျင်စီများနှင့် မှတ်ပုံတင် ထားသော
အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းများအား
အထောက်အပံ့များပေးအပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment