ဟန်ဂေရီနိုင်ငံခြားရေးနှင့်ပြည်ပရေးရာကုန်သွယ်ရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) သည် မော်ဒိုဗာဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် ဥရောပ ပေါင်းစည်းရေးဆိုင်ရာဝန်ကြီး နစ်ကျူပိုပတ်စ်ခရု့ (Nicu Popescu) ၏ ဖိတ်ကြားချက်အရ မော်ဒိုဗာနိုင်ငံ၏ မြို့တော် ချီစေနာအို (Chisinau) သို့ စက်တင်ဘာလ ၁၇ ရက်တွင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း ဆီဂျာတိုသည် နစ်ကျူပိုပတ်စ်ခရု့နှင့် တွေ့ဆုံမည့်အပြင် မော်ဒိုဗာဝန်ကြီးချုပ်ဖြစ်သူ နစ်ထေးလီရာ ဂါဗာလီတာ (Natalia Gavrilita) နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပြီး နှစ်နိုင်ငံမိတ်ဖက် ဆက်ဆံရေးတိုးမြှင့်ရန်အတွက် ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍများအား အလေးထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ ထို့ပြင် ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ လှူဒါန်းမည့်ကိစ္စရပ်များကိုလည်း ထည့်သွင်းပြောကြားသွားမည်ဖြစ်ကြောင်း မော်ဒိုဗာနိုင်ငံခြားရေးနှင့် ဥရောပပေါင်းစည်းရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment