Friday, September 10, 2021

မော်လ်ဒိုဗာအထက်လွှတ်တော်ဥက္ကဋ္သသည် ချက်သမ္မတနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်း

 မော်လ်ဒိုဗာအထက်လွှတ်တော်ဥက္ကဋ္ဌ အီဂေါဂရိုဆူး (Igor Grosu) သည် ၎င်းနိုင်ငံသို့ချစ်ရေးခရီးရောက်ရှိလျက်ရှိသော ချက်သမ္မတနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဂျာကူဘ်ကူဟာနက်ခ်(Jakub Kulhánek) နှင့်တွေ့ဆုံ၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း မော်လ်ဒိုဗာပါလီမန်၏ ဆက်သွယ်ရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနက စက်တင်ဘာလ ၁၀ ရက်တွင်  ထုတ်ပြန်ခဲ့ပါသည်။ နှစ်နိုင်ငံတာဝန်ရှိသူများတွေ့ဆုံစဉ် နှစ်နိုင်ငံပါလီမန် များအကြား ဆက်ဆံရေး၏ ဆင့်ကဲဖြစ်စဉ်များအပေါ် အဓိကထားဆေွးနွေးခဲ့သည့် အပြင် စီးပွားရေးနှင့်ကုန်သွယ်မှုကဏ္ဍများအပေါ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးမူဝါဒနှင့် ဥရောပပေါင်းစည်းရေးကော်မတီ၏ ဥက္ကဋ္ဌ ဒိုနာဂါမန် (Doina Gherman) လည်း တက်ရောက်ခဲ့ပါသည်။ အီဂေါဂရိုဆူးသည် အစည်းအဝေးအတွင်း (၁၁) ကြိမ်မြောက် မော်လ်ဒိုဗာဥပဒေပြုလွှတ်တော်အဖွဲ့၏ ဦးစားပေးလုပ်ဆောင် မည့်အကြောင်းအရာများနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ပါသည်။ အဓိကဦးစားပေး လုပ်ဆောင်မှုမှာ တရားမျှတမှုပြုပြင်ပြောင်းလဲရေးနှင့် အကျင့်ပျက်ခြစားမှုတို့ကို တိုက်ဖျက်ရန်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment