Sunday, September 5, 2021

ဩစတြီးယားဝန်ကြီးချုပ်သည် ဆားဘီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်း

 ဩစတြီးယားဝန်ကြီးချုပ် ဆီဘက်စတိန်ကာ့ဇ် (Sebastian Kurz) အနေဖြင့် ဆားဘီးယားနိုင်ငံသို့သွားရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဆားဘီးယား ဝန်ကြီးချုပ် အလက်ဇန်းဒါးဗူစစ် (Aleksandar Vucic) နှင့်တွေ့ဆုံ၍ အာဖဂန်နစ္စတန် နိုင်ငံမှ ဒုက္ခသည်များ ဥရောပသို့ဝင်ရောက်ခြင်းအားရပ်တန့်ရန်အတွက် ဆွေးနွေးခဲ့ ကြကြောင်း Euronews သတင်းဌာနက စက်တင်ဘာလ ၅ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း အာဖဂန်ရွှေ့ပြောင်းဒုက္ခသည်များအား အာဖဂန်နစ္စတန် နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများက လက်ခံသွားရန်လိုအပ်ကြောင်း ဝန်ကြီးချုပ် ကာ့ဇ်က ပြောကြားခဲ့ပါသည်။ ဩစတြီးယားနိုင်ငံသည် ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ခက်ခဲသည့်ကိုင်တွယ်ဖြေရှင်းမှုများကို ကာလကြာရှည်စွာ လုပ်ဆောင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစ၍ နိုင်ငံအတွင်း အရှေ့ အလယ်ပိုင်း၊ အာဖရိကနှင့် အာရှဒေသတို့မှ ဥရောပနိုင်ငံများသို့ဝင်ရောက်လာသည့် ဒုက္ခသည်ပေါင်း သန်းကျော်အထိရှိလာခဲ့ခြင်းတို့ကြောင့် အာဖဂန်နစ္စတန်နိုင်ငံမှ မည်သည့်ရွှေ့ပြောင်းနေထိုင်မှုမျိုးကိုမဆို လက်ခံသွားမည်မဟုတ်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment