Tass; Sep-6 (Mon)
အဇာဘိုင်ဂျန်နှင့် တူရကီစစ်ဘက်တပ်ဖွဲ့ဝင်များသည် နာဂေါ်နို-ကာရာဘတ်ခ်
ဒေသရှိ Lachin စီရင်စု၌ နည်းဗျူဟာမြောက်ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ရပ် စတင် ပြုလုပ်ခဲ့သည်ဟု အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ
၆ ရက်တွင် ပြောကြားခဲ့ကြောင်း Tass သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှု
သည် နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုအတွင်း
ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု
ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် ခေါင်းဆောင်များအနေဖြင့် ဆုံးဖြတ်ချက်
ချမှတ်နိုင်သည့် စွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍
ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင်
နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအနေဖြင့် ဆိုးရွားကြမ်းတမ်းသောမြေအခြေအနေ၌
အဆင့်မြှင့်တင် ထားသော စစ်လက်နက်ပစ္စည်းများအား
ကောင်းစွာအသုံးပြုနိုင်သည့် စွမ်းရည်ကို မြှင့်တင်ရန် အထူးရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်ပါသည်။
အဇာဘိုင်ဂျန်နှင့်အာမေးနီးယားနိုင်ငံတို့သည်
နာဂေါ်နို-ကာရာဘတ်ခ်ဒေသ နှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင် နှစ်နိုင်ငံအကြား
အပြန် အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး တင်းမာမှုများမြင့်တက်လာခဲ့ပါသည်။ ထို့ကြောင့်
နာဂေါ်နို-ကာရာဘတ်ခ်ဒေသအရေးနှင့်ပတ်သက်၍ ရုရှားသမ္မတ
ဗလာဒီမာပူတင် (Vladimir Putin)၊ အဇာဘိုင်ဂျန်သမ္မတ
အီဟန်အလီရက် (Ilham Aliyev) နှင့် အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါရှင်ရန်
(Nikol Pashinyan) တို့သည် နိုဝင်ဘာလ ၉ ရက်တွင်
သုံးပွင့်ဆိုင်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့အကြား
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါ သည်။ အဆိုပါ
သဘောတူညီချက်အရ နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများ ရပ်ဆိုင်းခဲ့ပြီး အဇာဘိုင်ဂျန်နိုင်ငံသည် နာဂေါ်နို-ကာရာဘတ်ခ်ဒေသအနှံ့အပြားကို
ပြန်လည်သိမ်းပိုက် နိုင်ခဲ့ပါသည်။ ထို့ပြင် ရုရှားငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့များသည်လည်း
စစ်မဲ့ဇုန် နယ်နိမိတ်တစ်လျှောက်နှင့်
Lachin စီရင်စုတစ်လျှောက်၌ တပ်ဖြန့်ချထားမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment