တူရကီကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ၉၅ ဦး အား အေဂျီယံပင်လယ် (Aegean Sea) ရှိ တူရကီနိုင်ငံပင်လယ်ရေပိုင်နက်အတွင်း ကယ်ဆယ်နိုင်ခဲ့ကြောင်း လုံခြုံရေးသတင်းအရင်းအမြစ်တစ်ခုက စက်တင်ဘာလ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဂရိကမ်းခြေစောင့်တပ်ဖွဲ့များမှ ၎င်းတို့အား တူရကီရေပိုင်နက်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် အတင်းအကျပ် ဖိအားပေး ခံခဲ့ရကြောင်း တူရကီကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် စစ်ဘေးဒဏ်သင့် ဒုက္ခသည်များနှင့် ဖိနှိပ်ခံနယ်မြေများမှ ဒုက္ခသည်များအတွက် ဘဝသစ်ထူထောင်နိုင်ရေး ဉရောပသို့ ဝင်ရောက်အခြေချရန် အတွက် အဓိကကျသည့် ပေါင်းကူးနေရာတစ်ခု ဖြစ်ပါသည်။ ထို့ပြင် တူရကီသည် လက်ရှိအချိန်၌ ရွှေ့ပြောင်းဒုက္ခသည် ၄ သန်းကို လက်ခံထားရှိပြီး ၎င်း၏ နယ်စပ် ဒေသတစ်လျှောက်တွင် ရွှေ့ပြောင်းအခြေချဒုက္ခသည်များ အလွန်အကျွံ ဝင်ရောက်မှု ကို တားဆီးကာကွယ်ရန်အတွက် လုံခြုံရေးဆိုင်ရာ အစီအစဉ်သစ်များ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment