ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇက်ဘစ်နျူးရောယ် (Zbingniew Rau) သည် ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အထိ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ် သည်ဟု ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း Indiatimes သတင်း ဌာနက ဧပြီလ ၂၄ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်သည် ပိုလန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ၉ နှစ်တာကာလအတွင်း အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည့်ခရီးစဉ်ဖြစ်ပြီး ပိုလန်နိုင်ငံအနေဖြင့် ဥရောပဒေသ လုံခြုံရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Organization for Security and Co-operation in Europe-OSCE) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိစဉ် အထက်ပါအတိုင်းသွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ ရောယ်အနေဖြင့် ၎င်းခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန် ဒရာမိုဒီ (Narendra Modi)၊ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန်ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) တို့နှင့်တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။
No comments:
Post a Comment