ဂရိနိုင်ငံသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှချေးယူထားသော ချေးငွေများကို သတ်မှတ်ကာလထက်စော၍ ကြိုတင်ပေးဆပ်မှုပြုလုပ်နိုင်ခဲ့ကြောင်း ဂရိဘဏ္ဍာရေးဝန်ကြီး ခရစ္စတော့စစ်စတိုင်ကိုရတ်စ် (Christos Staikouras) က ထုတ်ဖော် ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ဧပြီလ ၅ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါချေးငွေသည် ၂၀၁၀ ပြည့်နှစ်တွင် ချေးယူခဲ့သည့်ငွေများဖြစ်ပြီး ပြန်လည်ပေးဆပ် နိုင်ခဲ့မှုသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ပြသနိုင်ခဲ့သည့်ကိစ္စရပ်တစ်ခုပင်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ယခုကဲ့သို့ ချေးငွေများအား သတ်မှတ်ကာလထက် ၂ နှစ် စော၍ ပေးဆပ်နိုင်ခဲ့သဖြင့် အတိုးနှုန်း အမေရိကန်ဒေါ်လာ ၆၁.၄ သန်းသက်သာမည် ဖြစ်ပါသည်။ IMF မှရယူထားသည့် ချေးငွေများအား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ ပြန်လည်ပေးဆပ်မှုများပြုလုပ်လာခဲ့ခြင်းဖြစ်ရာ အတိုးနှုန်းထား ၂၃၀ သန်းခန့် သက်သာ ခဲ့ပါသည်။ နိုင်ငံအတွင်း ကြွေးမြီအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည့်အခြေအနေတွင် ကြွေးမြီကြောင့် ဆင်းရဲမွဲတေမှုများမှရှောင်ရှားနိုင်ရန် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ် အတွင်း IMF မှ ချေးငွေများကို မှီခိုအားထားခဲ့ရကြောင်း သိရှိရပါသည်။
No comments:
Post a Comment