ဥရောပကော်မရှင်အကြီးအကဲ အာဆူလာဗွန်ဒါလီယန်(Ursula von der Leyen) သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန်ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) နှင့် ဧပြီလ ၂၅ ရက်တွင်တွေ့ဆုံခဲ့ကြောင်း အိန္ဒိယပြည်တွင်းသတင်း ဌာနတစ်ခုက ဖော်ပြခဲ့ပါသည်။ အထက်ပါတွေ့ဆုံမှုအတွင်း ၎င်းတို့နှစ်ဦးသည် အိန္ဒိယ-ဥရောပသမဂ္ဂ (EU) အနာဂတ်မဟာမိတ်ဆက်ဆံရေးနည်းလမ်းများအပါအဝင် ယူကရိန်း ပဋိပက္ခကြောင့် ဖြစ်နိုင်ဖွယ်စီးပွားရေးနှင့်နိုင်ငံရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ EU နှင့် အိန္ဒိယနိုင်ငံတို့သည် ၎င်းတို့အကြား ကုန်သွယ်ရေးနှင့်နည်းပညာဆိုင်ရာ ကောင်စီ တစ်ရပ်အားထူထောင်ရန် အထက်ပါအစည်းအဝေးအတွင်း သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment