Sunday, April 10, 2022
တူရကီသည် ပင်လယ်နက်အတွင်း ရေမြှုပ်မိုင်းများ ချထားသည့် ကိစ္စရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လျက် ရှိခြင်း
တူရကီနိုင်ငံအနေဖြင့် ပင်လယ်နက် (Black Sea) အတွင်း ရေမြှုပ်မိုင်းများ ချထားသည့် ကိစ္စရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လျက် ရှိသည်ဟု တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ပြောကြား ခဲ့ကြောင်း Sputnik သတင်းဌာနက ဧပြီလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် ပင်လယ်နက်အတွင်း ရေမြှုပ်မိုင်းအလုံးပေါင်း ၄၀၀ ခန့်ရှိသည်ဟု သတင်းဌာနများက ဖော်ပြလျက်ရှိသော်လည်း အရေအတွက်အတိအကျကိုမူ မသိရှိရသေးကြောင်းနှင့် ၎င်းကိစ္စရပ်အား ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနိုင်ငံတို့နှင့်အတူ ပူးတွဲ၍စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဟူလူဆီအကာက ဆက်လက်ပြောကြားခဲ့ ပါသည်။ ယူကရိန်းနိုင်ငံအနေဖြင့် အိုဒီဆာ (Odessa)၊ အိုချာကော့ဗ် (Ochakov)၊ ချာနိုမော့ခ် (Chernomorsk)နှင့် ယူနိုရီ (Yuzhnoye) ဆိပ်ကမ်းများသို့ ဝင်ရောက်သည့် ရေလမ်းကြောင်းများတွင် ရေမြှုပ်မိုင်း ၄၂၀ လုံးခန့်ထောင်ထားကြောင်း ရုရှားဖက်ဒရယ် လုံခြုံရေးဌာန (Russia Federal Security Service-FSB) က လွန်ခဲ့သည့် မတ်လ အစောပိုင်းတွင် ပြောကြားထားခဲ့ကြောင်း သိရှိရပါသည်။
Labels:
စစ်ရေး,
စစ်လက်နက်ပစ္စည်း,
တူရကီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment