Friday, April 8, 2022
တူရကီ၊ဗြိတိန်နှင့် အတလီကာကွယ်ရေးဝန်ကြီးများသည် ယူကရိန်းအရေးအပါအဝင် ၃ နိုင်ငံအရေးအားဆွေးနွေးခဲ့ခြင်း
တူရကီ၊ အီတလီနှင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးများသည် ဧပြီလ ၈ ရက်တွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် တွေ့ဆုံခဲ့ကြပြီး ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောဆိုခဲ့ကြပါသည်။ ထို့ပြင် သုံးနိုင်ငံအကြား ကာကွယ်ရေး၊ လုံခြုံရေးနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ သုံးနိုင်ငံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမစတင်မီ တူရကီကာကွယ်ရေးဝန်ကြီးသည် အီတလီကာကွယ်ရေးဝန်ကြီးနှင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးတို့ကို သီးခြားစီတွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Labels:
တူရကီ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment