Thursday, April 7, 2022
တူရကီသမ္မတနှင့် အဇာဘိုင်ဂျန်သမ္မတတို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီရက် (Ilham Aliyev) တို့သည် ဧပြီလ ၇ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဧပြီလ ၈ ရက်က ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုသည် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် သမ္မတ အလီရက်၊ အာမေးနီးယားဝန်ကြီးချုပ် နီကိုးပါရှင်ရန် (Nikol Pashinyan) နှင့် ဥရောပသမဂ္ဂကောင်စီဥက္ကဋ္ဌ ချားလ်စ်မိုက်ကယ်လ် (Charles Michel) တို့အကြား ဆွေးနွေးခဲ့ကြသည့် အစည်းအဝေး၏ပြင်ပတွင် သီးခြား ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း အဇာဘိုင်ဂျန်၏ အကျိုးစီးပွား အား ကာကွယ်စောင့်ရှောက်ရန်နှင့် ဒေသတွင်းလုံခြုံရေး ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန် ၎င်းတို့နှစ်ဦးက ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Labels:
တူရကီ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment