Tass;Oct-2(Sun)
ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံမှ ခေါင်းဆောင်များသည် လာမည့်အောက်တိုဘာလ ၆ ရက်မှ ၇ ရက်အထိ ချက်သမ္မတနိုင်ငံ၊ မြို့တော်ပရက်ဂ် (Prague) ၌ ကျင်းပပြုလုပ် မည့် အလွတ်သဘောထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းအရေး၊ စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အအုံထိန်းသိမ်းကာကွယ်ရေး စသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်သွားမည်ဟု ဥရောပကောင်စီဥက္ကဋ္ဌ ချားစ်မိုက်ကယ်လ် (Charles Michel) က ပြောကြားခဲ့ကြောင်း အောက်တိုဘာလ ၂ ရက်တွင် Tass သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲအတွင်း အဖွဲ့ဝင်ခေါင်းဆောင်များအနေဖြင့် ယူကရိန်း နိုင်ငံအပေါ် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကူညီထောက်ပံ့ရေး အစီအစဉ်များ ဆက်လက်ပေးအပ်နိုင်မည့်နည်းလမ်းများနှင့်ပတ်သက်၍ ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း မိုက်ကယ်လ်က ပြောကြားခဲ့ပါသည်။
ထို့ပြင် ခေါင်းဆောင်များအနေဖြင့် Nord Stream ဓာတ်ငွေ့ပိုက်လိုင်းများ ယိုစိမ့် ပေါက်မှုဖြစ်ပွားခဲ့ပြီးနောက် အရေးပါသော အခြေခံအဆောက်အအုံများကို ထိန်းသိမ်း ကာကွယ်ရန်နည်းလမ်းများကိုလည်း ဆန်းစစ်ရှာဖွေသွားမည်ဖြစ်ပါသည်။ ဥရောပသမဂ္ဂ အနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားမှုအား အဆုံးသတ်စေရန် ရုရှားနိုင်ငံအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ တင်းကျပ်စွာဆက်လက်ချမှတ်ဆောင်ရွက်သွား မည်ဟု မိုက်ကယ်လ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment