ဂရိရဲတပ်ဖွဲ့နှင့် ဥရောပသမဂ္ဂနယ်စပ်ရေးရာအေဂျင်စီ Frontex တို့မှ တာဝန် ရှိသူများသည် တူကီယဲနိုင်ငံနှင့်ထိစပ်နေသည့် ဂရိနိုင်ငံမြောက်ပိုင်းနယ်စပ်တွင် တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းဒုက္ခသည် ၉၂ ဦးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း ဂရိ အာဏာပိုင်များက ထုတ်ပြန်ထားသည်ဟု Neos Kosmos သတင်းဌာနက အောက်တိုဘာလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဒုက္ခသည်များအားလုံးသည် အမျိုးသားများသာ ဖြစ်ကြောင်းနှင့် အချို့မှာ ထိခိုက်ဒဏ်ရာရရှိထားသူများဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။ ဒုက္ခသည်များ၏ ထွက်ဆိုချက်အရ ၎င်းတို့ကို တူကီယဲအာဏာပိုင် များက မော်တော်ယာဉ် ၃ စီးဖြင့် Evros မြစ်ကမ်းဘေးသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ် ကြောင်းနှင့် ၎င်းမှတစ်ဆင့် ဖိုက်ဘာလှေများအသုံးပြုကာ ဂရိဘက်ခြမ်းသို့ ဖြတ်ကူးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment