TASS; Oct-30(Sun)
ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများတင်ပို့ရေး သဘော တူညီချက်နှင့်ပတ်သက်၍ မကြာမီအချိန်အတွင်း တူကီယဲနိုင်ငံ၊ ကုလသမဂ္ဂတို့နှင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရီရူဒန်ကို (Andrey Rudenko) က အောက်တိုဘာလ ၃၀ ရက်တွင် ပြောကြား ခဲ့ပါသည်။ သို့သော် ရုရှားပင်လယ်နက်ရေယာဉ်စုသင်္ဘောများအပေါ် ယူကရိန်းနိုင်ငံ၏ တိုက်ခိုက်မှုနှင့်ပတ်သက်သည့် ကိစ္စရပ်အားလုံးကို ဖြေရှင်းဆောင်ရွက်ပြီးချိန်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၎င်းကိစ္စရပ်နှင့်စပ်လျဉ်း၍ အစည်းအဝေးတစ်ရပ်ပြုလုပ်ပေးပြီးမှ သာလျှင် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများတင်ပို့ရေး သဘောတူညီချက်နှင့် ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ရူဒန်ကိုက ဆက်လက်ပြောကြား ထားပါသည်။
ရုရှားနိုင်ငံ၏ ပင်လယ်နက်ရေယာဉ်စုသင်္ဘောများနှင့် အရပ်ဘက်သင်္ဘောများကို အကြမ်းဖက်တိုက်ခိုက်ရာတွင် ယူကရိန်းနိုင်ငံနှင့်အတူ ဗြိတိန်ရေတပ်မှ အထူးကျွမ်းကျင် ပညာရှင်များ ပါဝင်ခဲ့ကြောင်းနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများကြောင့် ယူကရိန်း နိုင်ငံမှ ကောက်ပဲသီးနှံများ တင်ပို့ရောင်းချခြင်းဆိုင်ရာ သဘောတူညီချက်များတွင် ရုရှား နိုင်ငံ၏ပါဝင်မှုကို ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် အဆိုပါတိုက်ခိုက်မှုတွင် ယူကရိန်းနိုင်ငံသည် မောင်းသူမဲ့လေယာဉ် ၁၆ စင်းအသုံးပြုခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်ထားပါသည်။ ရုရှားနိုင်ငံသည် လာမည့် ၄ လ အတွင်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများသို့ ကောက်ပဲသီးနှံတန်ချိန် ၅၀၀,၀၀၀ အထိ အခမဲ့ ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီး ဒီမီထရီပတ်ရူရှတ် (Dmitry Patrushev) ၏ ပြောကြားချက်အရ သိရှိရပါသည်။
No comments:
Post a Comment