ဘူလ်ဂေးရီးယားသမ္မတ ရူမန်ရာဒက်ဗ် (Rumen Radev) သည် ယူကရိန်း၏ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်မှုနှင့်စပ်လျဉ်း၍ ယူကရိန်းအား ထောက်ခံကြောင်း ကြေညာချက်လက်မှတ်ရေးထိုးခြင်းကို ဗဟိုနှင့် အရှေ့ဥရောပနိုင်ငံ့ ခေါင်းဆောင်များနည်းတူ လုပ်ဆောင်သွားမည်မဟုတ်ကြောင်း အောက်တိုဘာလ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု Rferl.org သတင်းဌာနက အောက်တိုဘာလ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။
၎င်းအနေဖြင့် ကြေညာချက်ပါအကြောင်းအရာအလုံးစုံကို သဘောတူညီမှုမရှိခြင်းကြောင့် လက်မှတ်မရေးထိုးခြင်းဖြစ်ကြောင်း သတင်းမီဒီယာ များ၏ တွေ့ဆုံမေးမြန်းမှု၌ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ယူကရိန်း၏ NATO အဖွဲ့သို့ဝင်ရောက်နိုင်ရေး ဆုံးဖြတ်ချက်အား ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ် စေမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အထောက်အကူပြုနိုင်မည့် ရှင်းလင်းသော သတ်မှတ်ချက်များ ဖော်ဆောင်နိုင်ပြီးမှသာလျှင် ချမှတ်သင့်ကြောင်း ၎င်းက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment