Monday, October 24, 2022

တူကီယဲအစိုးရက မောင်းသူမဲ့ရဟတ်ယာဉ်များ ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်း

 

Defense News; Oct-25 (Tue)

             တူကီယဲနိုင်ငံအတွင်း ပထမဦးဆုံးပြည်တွင်းထုတ်ဖြစ်လာမည့် Alpin အမည်ရှိ မောင်းသူမဲ့ရဟတ်ယာဉ်အားထုတ်လုပ်ရန်အတွက် တူကီယဲစက်မှုနည်းပညာကုမ္ပဏီတစ်ခု ဖြစ်သည့် Titra အား တူကီယဲအစိုးရက ရွေးချယ်ခဲ့ကြောင်း Defense News သတင်း ဌာနက အောက်တိုဘာလ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းအစီအစဉ်အား အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် တူကီယဲအစိုးရက ဘဏ္ဍာရေးဆိုင်ရာအကူအညီများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် တစ်နှစ်လျှင် Alpin မောင်းသူမဲ့ရဟတ်ယာဉ် ၁၀ စီးခန့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Titra ကုမ္ပဏီက ပြောကြားထားပါသည်။ ၎င်းရဟတ်ယာဉ်များအား အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပါက တူကီယဲအစိုးရက ဝယ်ယူသွားမည်ဖြစ်သည့်အပြင် ချစ်ကြည်ရင်းနှီးမှုရှိသောနိုင်ငံများသို့ တင်ပို့ရောင်းချ နိုင်မည်ဖြစ်ကြောင်း ဝယ်ယူရေးဆိုင်ရာအရာရှိတစ်ဦးက ပြောကြားထားပါသည်။ Alpin သည် အလျား မီတာ၊ အကျယ် . မီတာ၊ အမြင့် .၃၅ မီတာနှင့် အချင်း .၂၈ မီတာ ရှိပြီး အီတလီထုတ် လူလိုက်ပါမောင်းနှင်သည့် အပေါ့စား Heli-Sport CH-7 ပုံစံကို အခြေခံ၍ ပုံစံရေးဆွဲတည်ဆောက်ထားခြင်းဖြစ်ပါသည်။

             အဆိုပါ Alpin မောင်းသူမဲ့ရဟတ်ယာဉ်သည် စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ ရည်မှန်းချက်တာဝန်များအပြင် ကယ်ဆယ်ရေးလုပ်ငန်းတာဝန်များကိုပါ ထမ်းဆောင် နိုင်စွမ်းရှိရန် ပုံစံရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ Alpin မောင်းသူမဲ့ရဟတ်ယာဉ်သည် အလေးချိန်အများအပြားကို သယ်ဆောင်နိုင်ပြီး ထိန်းချုပ်ခန်းသို့ အချိန်နှင့်တစ်ပြေးညီ အချက်အလက်များပေးပို့နိုင်ကာ အဝေးထိန်းချုပ်ရေးစနစ်ဖြင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် ဂြိုဟ်တုဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလည်း ပါရှိပါသည်။ ထို့ပြင် အလိုအလျောက်မောင်းနှင်မှုစနစ်၊ အလိုအလျောက်အတက်အဆင်းပြုလုပ်နိုင် သည့်စနစ်၊ မြေပြင်ထိန်းချုပ်ရေးကွန်ရက်စနစ်နှင့် စွမ်းဆောင်ရည်မြင့်မားသည့် ထိန်းချုပ်မှု စနစ်တို့ ပါဝင်ပါသည်။ Alpin သည် အဝေးဆုံး ၈၄၀ ကီလိုမီတာနှင့် အမြင့်ဆုံးမှာ မီတာ ,၀၀၀ အထိပျံသန်းနိုင်ပြီး အများဆုံး နာရီအထိ ပျံသန်းနိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment