Wednesday, October 5, 2022

တူကီယဲသမ္မတသည် အမေရိကန်ထံမှ အကူအညီရရှိရန် ကြိုးပမ်းခဲ့သော ဂရိဝန်ကြီးချုပ်အား ပြစ်တင်ဝေဖန်ခဲ့ခြင်း

Trend; Oct-5(Wed)

ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) သည် တူကီယဲနှင့် တင်းမာမှုများဖြစ်ပေါ်နေစဉ် အမေရိကန်ထံ အကူအညီရရှိရန် ကြိုးပမ်း ခဲ့ခြင်းကြောင့် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြစ်တင်ဝေဖန်ခဲ့ကြောင်း Trend သတင်းဌာနက အောက်တိုဘာလ ၄ ရက်တွင် ဖော်ပြခဲ့ပါ သည်။ ဂရိအနေဖြင့် မည်ကဲ့သို့ဆောင်ရွက်သည်ဖြစ်စေ တူကီယဲအနေဖြင့် နိုင်ငံအတွက် လိုအပ်သည်မှန်သမျှကို လုပ်ဆောင်ရန်အသင့်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က မြို့တော် အန်ကာရာ၌ ပြုလုပ်သည့် ညီလာခံတစ်ခုအတွင်း ပြောကြားခဲ့ပါသည်။ သမ္မတ အာဒိုဂန် သည် အေဂျီယံနှင့် မြေထဲပင်လယ်တို့တွင် ရွှေ့ပြောင်းနေထိုင်သူများအရေးကိစ္စနှင့် ပတ်သက်၍ ဂရိ၏ တွန်းအားပေးမှုများအပေါ် ထပ်ခါတလဲလဲဝေဖန်ခဲ့ပါသည်။

ဂရိကူးတို့သင်္ဘောများသည် အေဂျီယံနှင့် မြေထဲပင်လယ်တို့တွင် အပြစ်မဲ့ရွှေ့ပြောင်း သူများအား လျစ်လျူရှုထားခြင်းနှင့်ပတ်သက်၍ အံ့သြတုန်လှုပ်မိကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပြီး ဂရိ၏ ချိုးဖောက်မှုများအပေါ် နှုတ်ဆိတ်နေသည့် ကမ္ဘာ့နိုင်ငံများကိုလည်း ပြစ်တင်ဝေဖန်ခဲ့ပါသည်။ ဂရိဝန်ကြီးချုပ် မစ်ဆိုတားကစ်သည် ယခုသီတင်းပတ်နှောင်းပိုင်း တွင်ပြုလုပ်မည့် ဥရောပထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတွင် သမ္မတ အာဒိုဂန်နှင့်တွေ့ဆုံရန် သဘောတူညီထားကြောင်း ဂရိတာဝန် ရှိသူများက ပြောကြားပြီး တစ်ရက်အကြာတွင် ၎င်း၏ဝေဖန်မှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ NATO အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသော်လည်း သမိုင်းဝင်ရန်သူများဖြစ်သည့် တူကီယဲနှင့် ဂရိနိုင်ငံတိုအကြား ကာလရှည်ကြာ တင်းမာမှုများသည် ဂရိမှ သဘောတူညီချက်ကို ချိုးဖောက်ခြင်းနှင့် ရန်စမှု များကြောင့် မကြာသေးမီကာလအတွင်း ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ရွှေ့ပြောင်း နေထိုင်သူများအပေါ် ခွဲခြားဆက်ဆံခြင်း၊ ၎င်းတို့အား ဥပဒေနှင့်မညီသော ဖိအားပေး ပြန်လည်နှင်ထုတ်မှုများနှင့် စစ်လက်နက်ပစ္စည်းကင်းမဲ့ဇုန် သတ်မှတ်ရာ အေဂျီယံပင်လယ် အတွင်းရှိ ကျွန်းများ၌ လက်နက်တပ်ဆင်ခြင်း စသည့်အချက်များအားထောက်ပြ၍ ဂရိ သည် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သောရာဇဝတ်မှုများ ကျူးလွန်သည်ဟု သမ္မတ အာဒိုဂန်က စွပ်စွဲပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

NATO မဟာမိတ်များဖြစ်ရုံသာမက သမိုင်းဝင်ရန်သူများဖြစ်သည့် တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား ကာလရှည်ကြာတင်းမာမှုသည် ဂရိဘက်မှ သဘောတူညီချက်ကို ချိုးဖောက်ခြင်းနှင့် ရန်စမှုများကြောင့် မကြာသေးမီက ပြန်လည်ဖြစ်ပွားခဲ့ပါသည်။ ရွှေ့ပြောင်း နေထိုင်သူများနှင့် တရားမဝင်နေထိုင်သူများအပေါ်တွန်းလှန်မှုနှင့် စစ်မဲ့အခြေအနေအတွင်း အေဂျီယံပင်လယ်တွင်းရှိကျွန်းများ၌ လက်နက်တပ်ဆင်ခြင်း စသည့်အချက်များအား ထောက်ပြ၍ ဂရိသည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကျူးလွန်သည်ဟု သမ္မတ အာဒိုဂန်က စွပ်စွဲခဲ့ပါသည်။ တူကီယဲနှင့် ဂရိတို့သည် အပြန်အလှန်တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲမှုများပြုလုပ်လျက်ရှိစဉ် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) သည် ဂရိနိုင်ငံ၏ မြို့တော် အေသင်၌ အောက်တိုဘာလ ၄ ရက်တွင် အမေရိကန် အောက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပါသည်။ ဂရိဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန် ချက်အရ ဆွေးနွေးပွဲအတွင်း ဂရိ-အမေရိကန်ဆက်ဆံရေးသည် "အလွန်ကောင်းမွန်သော အဆင့်" သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုမှာလည်း ကောင်းမွန်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဂရိ၏ အဆိုပါလုပ်ရပ်သည် တူကီယဲအား ဆန့်ကျင်ရန်အတွက် အမေရိကန်ထံ အကူအညီ တောင်းသည့်လုပ်ဆောင်မှုဖြစ်သဖြင့် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဂရိဝန်ကြီးချုပ်အပေါ် ပြစ်တင်ဝေဖန်ခဲ့ပါသည်။ ထို့ပြင် တူကီယဲ အနေဖြင့်လည်း နိုင်ငံ၏အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ကာကွယ် စောင့်ရှောက်ရန်အတွက် နည်းလမ်းမျိုးစုံကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ဂရိ၏ ရွှေ့ပြောင်းနေထိုင်သူများနှင့် တရားမဝင်နေထိုင်သူများအပေါ် တွန်းလှန်မှုနှင့် စစ်မဲ့ အခြေအနေအတွင်း အေဂျီယံပင်လယ်တွင်းရှိကျွန်းများ၌ လက်နက်တပ်ဆင်ခြင်း စသည့် လုပ်ဆောင်ချက်များကို ကမ္ဘာ့နိုင်ငံများက ပြစ်တင်ထောက်ပြခြင်းမရှိသည့်အတွက် လွန်စွာ စိတ်ပျက်မိကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ တူကီယဲနှင့် ဂရိတို့အကြားတင်းမာမှုသည် ကြားဝင်ဖျန်ဖြေမှုရှိမှသာ အဆင်ပြေနိုင်မည်ဆိုသော်လည်း အမေရိကန်၏ ကြားဝင်လုပ်ဆောင်မှုသည် မီးလောင်ရာလေပင့်သဖွယ်လုပ်ဆောင်မှု ဖြစ်သဖြင့် တူကီယဲနှင့် ဂရိတို့အကြား တင်းမာလျက်ရှိသောဆက်ဆံရေးမှာ ပိုမိုတင်းမာ လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment