Wednesday, October 12, 2022

ရိုမေးနီးယားသမ္မတနှင့် ဂျော်ဂျီယာသမ္မတတို့ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

ရိုမေးနီးယားသမ္မတ ကလော့စ်လိုဟန်နစ် (Klaus Iohannis) နှင့် ဂျော်ဂျီယာ သမ္မတ ဆာလိုမီဇိုရာဘစ်ဗီလီ (Salome Zourabichvili) တို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးထူထောင်မည့် ပူးတွဲကြေညာချက်တစ်ရပ်အား အောက်တိုဘာလ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း Xinhua သတင်းဌာနက အောက်တိုဘာလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအနေဖြင့် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် ပြည်သူများအကြား ထိ‌တွေ့ဆက်ဆံမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းလာရန် မျှော်မှန်းထားသည်ဟု လိုဟန်နစ်က ဘစ်ဗီလီနှင့်ပြုလုပ်ခဲ့ သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ ရိုမေးနီးယားနိုင်ငံသည် ဂျော်ဂျီယာအပါအဝင် အခြားသောမိတ်ဖက်နိုင်ငံများနှင့် မဟာဗျူဟာမြောက်စီမံကိန်း အချို့ကိုလုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သမ္မတ လိုဟန်နစ်၏ ပြောကြားချက်အရ သိရှိရပါသည်။

No comments:

Post a Comment