တူကီယဲနိုင်ငံမှ လေကြောင်းလိုင်းများသည် လာမည့်နှစ် မတ်လတွင် အာဖဂန် နိုင်ငံသို့ ပျံသန်းပြေးဆွဲမှုများပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း Ariananews သတင်း ဌာနက အောက်တိုဘာလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အာဖဂန်နစ္စတန်နိုင်ငံရှိ လေဆိပ် များသည် လေယာဉ်ပျံသန်းပြေးဆွဲမှုများပြုလုပ်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ် ကြောင်းနှင့် လေဆိပ်ဝန်ဆောင်မှုများမှာ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိကြောင်း အာဖဂန်သယ်ယူပို့ဆောင်ရေးနှင့် မြို့ပြလေကြောင်းလိုင်းဝန်ကြီးဌာနကလည်း ပြောကြားထားပါသည်။ တာလီဘန်တို့ထိန်းချုပ်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှစတင်၍ တူကီယဲနိုင်ငံမှ လေကြောင်းလိုင်းများသည် အခြားသောနိုင်ငံများမှ လေကြောင်းလိုင်း များကဲ့သို့ပင် အာဖဂန်နစ္စတန်နိုင်ငံသို့ ပျံသန်းပြေးဆွဲမှုများကို ရပ်ဆိုင်းထားခြင်းဖြစ် ကြောင်း သိရှိရပါသည်။
No comments:
Post a Comment