Thursday, January 2, 2020

ဂရိ၊ ဆိုက်ပရပ်စ်နှင့်အစ္စရေးနိုင်ငံတို့သည် လစ်ဗျားနိုင်ငံတွင် တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့် တူရကီနိုင်ငံအား ပြစ်တင်ဝေဖန်ခဲ့

 

၁၁။        ဂရိ၊ ဆိုက်ပရပ်စ်နှင့်အစ္စရေးနိုင်ငံတို့သည် လစ်ဗျားနိုင်ငံတွင် တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့် တူရကီနိုင်ငံအား  ပြစ်တင်ဝေဖန်ခဲ့ပါ သည်။ တူရကီနိုင်ငံ၏ဆုံးဖြတ်ချက်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၁၉၇၀ အား ချိုးဖောက်မှုပင်ဖြစ်ကြောင်းနှင့် လစ်ဗျားနိုင်ငံတွင် ဖြစ်ပွားလျက် ရှိသောပဋိပက္ခများအား နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာဖြေရှင်းသွားရန် လုပ်ဆောင် လျက်ရှိသော နိုင်ငံတကာအဖွဲ့အစည်း၏ ကြိုးပမ်းဆောင်ရွက်ချက်များကို လျော့ပါး စေကြောင်း ၎င်းတို့က ပြောကြားခဲ့ပါသည်။ တူရကီလွှတ်တော်သည်  လစ်ဗျား နိုင်ငံတွင် တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားရန်အတွက် အစိုးရအဖွဲ့အား လုပ်ပိုင်ခွင့် ပေးထားသည့် အဆိုပြုချက်တစ်ရပ်ကို ဇန်နဝါရီလ ၂ ရက်အစောပိုင်းတွင် အတည်ပြု ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment