၁၄။ ဥရောပသမဂ္ဂနှင့် တူရကီနိုင်ငံတို့အကြား ဒုက္ခသည်များဆိုင်ရာ ၂၀၁၆ သဘော တူညီချက်ရှိထားသော်လည်း
အေဂျီယန်ပင်လယ်ကိုဖြတ်သန်းပြီး ဂရိသို့သွားရောက်ခဲ့သည့် ဒုက္ခသည် ၁၈၉ ဦးသာ
တူရကီသို့ ပြန်လာကြောင်း ဥရောပသမဂ္ဂကော်မရှင်တစ်ခုက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အရ ဥရောပသမဂ္ဂနိုင်ငံများသို့
သွားရောက် မည့်
ဆီးရီးယားရွှေ့ပြောင်းအခြေချသူများကိုတားဆီးရန် တူရကီက ကတိပြုထားခဲ့ခြင်း ဖြစ်ပြီး အပြန်အလှန်အားဖြင့် ဥရောပသမဂ္ဂ (European
Union-EU)သို့ တူရကီဝင်ရောက်ရေး ကိစ္စကို ပြန်လည်စစ်ဆေးသုံးသပ်ပေးမည်ဖြစ်ပါသည်။
အထက်ပါသဘောတူညီချက်အတွက် ရန်ပုံငွေအဖြစ်
ယူရို ၆ ဘီလီယံ တူရကီက လက်ခံရရှိထားသော်လည်း ဥရောပသမဂ္ဂနှင့် မူလသဘောတူညီထားချက်အတိုင်း ငွေကြေးထောက်ပံ့မှုကို
ရရှိခြင်းမရှိကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး
မက်ဗ်လက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က စွပ်စွဲပြောကြားခဲ့ ပါသည်။
ပြီးခဲ့သည့်သီတင်းပတ်က တူရကီနိုင်ငံသို့အလည်အပတ်ခရီးစဉ်အတွင်း ဂျာမနီ အဓိပတိ အိန်ဂျလာမာကယ် (Angela
Merkel)နှင့် တူရကီသမ္မတ အာဒိုဂမ် (Erdogan) တို့သည်
ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း
သတင်းရရှိပါသည်။
No comments:
Post a Comment