Wednesday, January 15, 2020

တူရကီနိုင်ငံတွင် အင်တာနက်စွယ်စုံကျမ်း ဝီကီပီးဒီးယား (Wikipedia) အသုံးပြုမှုအား ၂ နှစ်ကျော် ပိတ်ပင်ထား

 

၈။           တူရကီနိုင်ငံတွင် အင်တာနက်စွယ်စုံကျမ်း ဝီကီပီးဒီးယား (Wikipedia) အသုံးပြုမှုအား ၂ နှစ်ကျော် ပိတ်ပင်ထားရှိပြီးနောက် ဇန်နဝါရီလ ၁၅ ရက်တွင် အဆိုပါ ပိတ်ပင်တားဆီးမှုအား တူရကီအခြေခံဥပဒေဆိုင်ရာခုံရုံးက ပယ်ဖျက်ခဲ့ပါသည်။ အဆိုပါ ဝီကီပီးဒီးယားအင်တာနက်စွယ်စုံကျမ်း၌ တူရကီနိုင်ငံသည် အမျိုးမျိုးသော အကြမ်းဖက် အဖွဲ့များဖြင့် ဆက်နွှယ်မှုရှိသည်ဟု ဖော်ပြခဲ့မှုကြောင့် ၎င်းဝဘ်ဆိုက်အသုံးပြုမှုအား ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် ပိတ်ပင်တားဆီးခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ထိုကဲ့သို့ ပိတ်ပင်မှုသည် နိုင်ငံအတွင်း လွတ်လပ်စွာပြောဆိုရေးသားခွင့်အား ထိခိုက်စေသဖြင့် ပိတ်ပင်ထားရှိမှုကို ခုံရုံးအဖွဲ့ဝင် ၆ ဦးမှပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment