၄။ ရုရှားနိုင်ငံအနေဖြင့်
ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) စီရင်စုရှိ အပစ်အခတ် ရပ်စဲရေးကိုလိုက်နာရန်
တူရကီနိုင်ငံက မျှော်လင့်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလပ်ကာဗူဆိုဂလူ
(Mevlut Cavusoglu) က ဇန်နဝါရီလ ၂၂ ရက်တွင် ပြောကြား ခဲ့ပါသည်။ သူပုန်များထိန်းချုပ်ထားသော
အိုင်ဒဲလစ်စီရင်စုတွင် အစိုးရတပ်ဖွဲ့ဝင်များ၏ အရပ်သားများအပေါ်ခွဲခြားမှုမရှိသော
တိုက်ခိုက်မှုများသည် လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ် ဖြစ်ကြောင်း
ကာဗူဆိုဂလူက ကမ္ဘာ့စီးပွားရေးဖိုရမ်အတွင်း မိန့်ခွန်းပြောကြားစဉ်ထည့်သွင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် တူရကီအနေဖြင့် ရုရှားအထောက်အပံ့ပေးထားသော ဆီးရီးယားအစိုးရတပ်ဖွဲ့များ၏ ပြင်းထန်သောတိုက်ခိုက်မှုများကြောင့်
အိုင်ဒဲလစ်စီရင်မှ ဆီးရီးယားပြည်သူ ၃၀၀,၀၀၀ ခန့်သည် တူရကီနယ်စပ်ရှိ စစ်မဲ့ဇုန်များသို့
ထွက်ပြေး တိမ်းရှောင်နေရမှုအပေါ် စိုးရိမ်ပူပန်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment