Friday, January 3, 2020

တူရကီနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ပြုလုပ်ခဲ့ သည့် စစ်ဆင်ရေးများအတွင်း ပြည်တွင်း၊ ပြည်ပရှိ အကြမ်းဖက်သမား ၂၁၁ ဦးအား နှိမ်နင်းနိုင်ခဲ့ခြင်း

 

၆။           တူရကီနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ပြုလုပ်ခဲ့ သည့် စစ်ဆင်ရေးများအတွင်း  ပြည်တွင်း၊ ပြည်ပရှိ အကြမ်းဖက်သမား ၂၁၁ ဦးအား နှိမ်နင်းနိုင်ခဲ့ကြောင်း လက်ထောက်ပြည်ထဲရေးဝန်ကြီး အစ္စမေးကာတခ်လီ (Ismail Catakli) က ဇန်နဝါရီလ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်းပြုလုပ်ခဲ့သည့် Operation Kiran စစ်ဆင်ရေး အတွင်း ကာ့ဒ်တပ်ဖွဲ့ဝင် ၁၄၄ ဦးအား နှိမ်နင်းနိုင်ခဲ့ကြောင်း ကာတခ်လီက ထပ်လောင်း ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် သံလွင်ခက်စစ်ဆင်ရေး (Operation Olive Branch)၊ ယူဖရေးတီးဒိုင်းစစ်ဆင်ရေး (Operation Euphrates Shield) နှင့် ငြိမ်းချမ်းရေး နွေဦးစစ်ဆင်ရေး (Operation Peace Spring) စသည့် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး များကိုပြုလုပ်ခဲ့ပြီး အကြမ်းဖက်သမား ၃၁၁,၉၆၈ ဦးအား နှိမ်နင်းနိုင်ခဲ့ပါသည်။ လက်ရှိ အချိန်တွင် တူရကီနိုင်ငံသည် ဆီးရီးယားဒုက္ခသည် ၃.၅ သိန်းခန့်အား လက်ခံထား ကြောင်း သိရှိရပါသည်။

No comments:

Post a Comment