၈။ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး
ဆာမရှ်ရှိုခရီ(Sameh Shoukry)သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ ဂျာမနီအမျိုးသားလုံခြုံရေးအကြံပေးနှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာမူဝါဒရေးရာ အဆင့်မြင့်ကိုယ်စားလှယ်တို့နှင့်
ဇန်နဝါရီလ ၃ ရက်တွင် တယ်လီဖုန်းဖြင့် လစ်ဗျားပြည်တွင်းရေးဆိုင်ရာကိစ္စရပ်များအား
ဆွေးနွေးခဲ့ပါ သည်။ အီဂျစ်နိုင်ငံအနေဖြင့် လစ်ဗျားနိုင်ငံအတွင်း တူရကီစစ်ဘက်တပ်ဖွဲ့ဝင်များ
တပ်ဖြန့်ချထားမည့် အစီအစဉ်နှင့်ပတ်သက်၍ ရှုတ်ချကြောင်းနှင့်
နိုင်ငံတကာဥပဒေအား ချိုးဖောက်၍ လစ်ဗျားပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်မည့်
ပြည်ပနိုင်ငံများ၏ ကြိုးပမ်းမှုများကို တားဆီးသွားရန်လိုအပ်ကြောင်း ရှိုခရီက အထက်ပါတယ်လီဖုန်း
ဆွေးနွေးမှုတွင် အလေးနက်ထားပြောကြားခဲ့ပါသည်။ တူရကီအစိုးရသည်
လစ်ဗျားနိုင်ငံ တွင် စစ်ဘက်တပ်ဖွဲ့ဝင်များ
တပ်ဖြန့်ချထားရေး ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment