Defencenews;Jan-14(Tue)
တူရကီနိုင်ငံအနေဖြင့် အမေရိကန်မှ
F-35 တိုက်လေယာဉ်ဝယ်ယူခွင့် ရပ်ဆိုင်း ခံရပြီးနောက် တူရကီနိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့်(Turkish
Aerospace Industries-TAI)ကုမ္ပဏီသည် TF-X တိုက်လေယာဉ်ထုတ်လုပ်မည့်စီမံကိန်းတွင် ပူးပေါင်းပါဝင်ရန်
မလေးရှားနိုင်ငံအား ဖိတ်ခေါ်ခဲ့ပါသည်။ ထို့နောက် မလေးရှား၏တုံ့ပြန်မှုအား
စောင့်ဆိုင်း လျက်ရှိကြောင်း တူရကီလေယာဉ်ထုတ်လုပ်ရေးစက်မှုလုပ်ငန်း TAI အမှုဆောင်အကြီးအကဲ တီမယ်ကိုတေးလ် (Temel Kotil) က ပြောကြားခဲ့ပါသည်။
TAI သည် ၂၀၁၉ ခုနှစ်တွင် TF-X လေယာဉ်အစိတ်အပိုင်းများ
ပူးတွဲထုတ်လုပ်ရေးအတွက် မလေးရှားနိုင်ငံနှင့် နားလည်မှု စာချွန်လွှာတစ်စောင်အား
လက်မှတ်ရေးထိုးခဲ့ပါသည်။ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ကာဇက်စတန်နိုင်ငံများအနေဖြင့်
အဆိုပါ အနာဂတ်တိုက်လေယာဉ် များတည်ဆောက်ရာတွင်
မိတ်ဖက်နိုင်ငံ၊ သို့မဟုတ် ဝယ်ယူမည့်နိုင်ငံများ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း TAI က စဉ်းစားသုံးသပ်လျက်ရှိပါသည်။ TF-X တိုက်လေယာဉ်သည်
မွတ်ဆလင် နိုင်ငံများ၏ ပထမဆုံးသော
တိုက်လေယာဉ်ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ကိုတီလ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် TAI ကုမ္ပဏီသည်
၎င်းတို့၏ Hurkus အမျိုးအစား လေ့ကျင့်ရေးနှင့်
အပေါ့စားတိုက်ခိုက်ရေးလေယာဉ်တည်ဆောက်ရာတွင်လည်း ပါဝင် သွားရန်
မလေးရှားနိုင်ငံအား ဖိတ်ခေါ်ခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များက
ဖော်ပြခဲ့ပါသည်။
တူရကီအစိုးရသည် TF-X လေယာဉ်ထုတ်လုပ်ရေးနှင့်
ဒီဇိုင်းရေးဆွဲရေး အတွက် ဗြိတိန်နိုင်ငံရှိ (Rolls-Royce) ကုမ္ပဏီနှင့် ဆွေးနွေးမှုများပြုလုပ်ရန်
ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။ တူရကီအစိုးရအနေဖြင့် လေယာဉ်ထုတ်လုပ်ရေးအတွက် ဗြိတိန်နိုင်ငံနှင့်
ပူးပေါင်းဆောင်ရွက်ရန် လိုလားလျက်ရှိကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီး မတ်လုတ်ကာဗူဆိုဂလူ
(Mevlut Cuvusoglu) က ဒီဇင်ဘာလတွင် ပြောကြား ခဲ့ပါသည်။ သို့သော်လည်း TF-X လေယာဉ်စီမံကိန်းအတွက်
ပထမဦးစားပေးအရ ပြင်ဆင်အသုံးပြုမည့် အင်ဂျင်အား ရွေးချယ်ရန်အတွက်
လေယာဉ်၏ဒီဇိုင်းအား အပြီးသတ် ရေးဆွဲရန်လိုအပ်မည်ဖြစ်ပါသည်။
TF-X လေယာဉ်အား ၂၀၂၃ ခုနှစ်တွင် စတင်ပျံသန်းမှု
ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း ယခုအခါ ၂၀၂၅ - ၂၀၂၆ ခုနှစ်ရောက်ရှိမှသာ စတင်စမ်းသပ်ပျံသန်းနိုင်မည်ဖြစ်ကြောင်း တူရကီတာဝန်ရှိသူများက
ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment