Friday, January 3, 2020

ဂျာမနီနှင့်ပြင်သစ်နိုင်ငံတို့သည် ၎င်းတို့၏ပူးတွဲကာကွယ်ရေးစီမံကိန်းများမှ ပိုလန် အား ဖယ်ရှားလိုက်ခြင်း

 

၁၀။        ဂျာမနီနှင့်ပြင်သစ်နိုင်ငံတို့သည် ၎င်းတို့၏ပူးတွဲကာကွယ်ရေးစီမံကိန်းများမှ ပိုလန် အား ဖယ်ရှားလိုက်ခြင်းကြောင့် ပိုလန်အနေဖြင့် အမေရိကန်စစ်လက်နက်ပစ္စည်းများ ကို ဝယ်ယူရန်ပြင်ဆင်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် ပိုလန်သည် ဂျာမနီနှင့်ပြင်သစ် တို့မှ ပူးတွဲထုတ်လုပ်ထားသည့် တင့်ကားများအစား အမေရိကန်ထုတ် ခေတ်မီတင့်ကား များအား ဝယ်ယူရန်စီစဉ်နေသည်ဟု Die Welt သတင်းစာမှရေးသားဖော်ပြခဲ့ပါသည်။ ပိုလန် သည် အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော်တန်ဖိုးရှိသည့် အမေရိကန်အပေါ့စားဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်း ၂၀ မျိုးအားဝယ်ယူရန် အမေရိကန်နိုင်ငံနှင့် သဘောတူညီချက်ရရှိခဲ့ပါ သည်။ ပိုလန်သည် ဆော်ဒီအာရေဗျနိုင်ငံပြီးနောက် အမေရိကန်လက်နက်များအား ဒုတိယအများဆုံးဝယ်ယူသည့်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment