Telesur;
Jan-29(Tue)
အမေရိကန်အနေဖြင့် F-35 တိုက်လေယာဉ်များအား တူရကီနိုင်ငံသို့လွှဲပြောင်း
ပေးအပ်ရန်နှင့် ယင်းသို့ပေးအပ်နိုင်ခြင်းမရှိပါက ယခင်ပေးအပ်ထားသောငွေကြေးများ အား ပြန်လည်ပေးအပ်ရန်
တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)
က ဇန်နဝါရီလ ၂၉ ရက်က တောင်းဆိုခဲ့ပါသည်။ အမေရိကန်အနေဖြင့် F-35 တိုက်လေယာဉ်များအား
ပေးပို့နိုင်ခြင်းမရှိပါက အခြားနိုင်ငံမှဝယ်ယူသွားမည်ဖြစ်ကြောင်း ဆီနီဂေါနိုင်ငံမှ ပြန်လည်ရောက်ရှိစဉ် လေဆိပ်၌သတင်းထောက်များအား
အာဒိုဂန်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံသည် ရုရှားနိုင်ငံမှ S-400 လေကြောင်းရန်
ကာကွယ်ရေးစနစ်အား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ဝယ်ယူခဲ့ပြီးနောက် အမေရိကန်နှင့် စစ်ဘက်ဆိုင်ရာဆက်ဆံရေးများ
အခြေအနေဆိုးရွားလာခဲ့ပါသည်။
တူရကီနိုင်ငံ၌ ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ
တပ်ဆင်မှုများသည် စိုးရိမ်ဖွယ်ရာအခြေအနေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို (Mike
Pompeo) က ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံ၌ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များအား
အပြည့်အဝ တပ်ဆင်အသုံးချခြင်းမပြုရန်နှင့်ပတ်သက်သည့် အမေရိကန်၏ လိုလားချက်အား တူရကီအာဏာပိုင်များကို ပြောကြားထားပြီးဖြစ်ကြောင်းနှင့်
ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း မိုက်ပွန်ပီယိုက ထပ်လောင်းပြောကြားခဲ့ပါသည်။
တူရကီနိုင်ငံ အနေဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း F-16 တိုက်လေယာဉ်များအား အသုံးပြု၍
အနိမ့်အမြင့်ပျံသန်းခြင်းများပြုလုပ်ကာ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် ရေဒါများအား
စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment