Wednesday, January 8, 2020

အီရန်စစ်ဘက်ခေါင်းဆောင်အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ရုရှားနှင့် တူရကီ တို့အကြား ဆွေးနွေးသွားရန်ရှိခြင်း

 


Sputnik;Jan-8(Wed)

              ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီသမ္မတ ရီဆတ် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့အနေဖြင့် ဇန်နဝါရီလ ၈ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ (Dmitry Peskov) က ပြောကြားခဲ့ပါသည်။ ထိုသို့တွေ့ဆုံမှု၌ အမေရိကန်နိုင်ငံ၏ လေကြောင်း တိုက်ခိုက်ခဲ့မှုအတွင်း အီရန်စစ်ဘက်အကြီးအကဲတစ်ဦးဖြစ်သူ ကာဆင်ဆိုလီမာနီ (Qassem Soleimani) သေဆုံးခဲ့မှုအပြီး ဖြစ်ပေါ်လာသည့် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုအခြေအနေများအား ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။ ရုရှားသမ္မတ ပူတင်သည် ဆီးရီးယားသို့ ဇန်နဝါရီလ ၇ ရက်တွင် အလည်အပတ် ခရီးသွားရောက်ခဲ့ပြီးနောက် တူရကီနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။

              အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည် ဆိုလီမာနီ မှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Iranian Revolutionary Guards)မှ အထူး တပ်ဖွဲ့၏ အကြီးအကဲတစ်ဦးဖြစ်ပါသည်။ ၎င်းသည် ဇန်နဝါရီလ ၃ ရက်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏အမိန့်ဖြင့်ပြုလုပ်သည့် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ် ဆိုလီမာနီ သေဆုံးမှု နှင့်ပတ်သက်၍ အမေရိကန်အား လက်စားချေတုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်သမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) နှင့် အီရန်နိုင်ငံ၏ဦးသျှောင် အလီခါမေနီ            (Ali Khamenei)တို့က ကတိပြုပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ အီရန်ဘက်မှ လက်စားချေ တုံ့ပြန်မည်ဆိုပါက မိမိတို့အနေဖြင့် အီရန်၏အဆင့်မြင့်အဆောက်အဦများနှင့် ယဉ်ကျေးမှု နေရာများအပါအဝင် ပစ်မှတ် ၅၀ ကျော်အား ပြန်လည်တိုက်ခိုက်သွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment